Eclion Global မိသားစု မှ သြဂုတ်လ ၃ ရက်နေ့ တွင် ရုံးဝန်ထမ်းများ နှင့် အတူ ရေဘေး ကျရောက်သော ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီးသို့ သွားရောက်၍ လူသားချင်း စာနာမှု ထောက်ပံ့ရေး ပစ္စည်းများ အား ရေဘေးသင့် ပြည်သူများထံ ကိုယ်တိုင်သွားရောက် လှူဒါန်းပေးပို့သွားမည် ဖြစ်ပါသည်။ Eclion Global မိသားစု မှ ရေဘေးသင့် အိမ်ထောင်စုများ အတွက် ထောက်ပံ့ရေး ပစ္စည်းအိတ်များအား အသေးစိတ် စီစဉ်ပြီး ထောက်ပံ့ရန် စီစဉ် ထားသည်။

ကျွန်တော်များ မိသားစုမှ ရေဘေးသင့်ပြည်သူများအပေါ် ပြင်းပြထက်သန်သော ကူညီလှူဒါန်းလိုစိတ် အရင်းခံဖြင့် ရက်ပိုင်းအတွင်း စနစ်ကျသော Donation Team တစ်ခုကို စိတ်အားထက်သန်သော ၀န်ထမ်းများဖြင့် ဖွဲ့စည်းပြီး နီးစပ်ရာ မိတ်ဆွေများပါ ပါဝင်ကုသိုလ်ယူနိုင်ရန် နှိုးဆော်အသိပေးခဲ့ပြီး မကွေး / မင်းဘူးသို့ အမြန်ဆုံးခရီးဆက်နိုင်ရန် စီစဉ်ခဲ့ကြပါတယ်။ လှူဒါန်းမည့် ပစ္စည်းများဖြစ်သော ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ လှေ၊ ဘီစကစ်၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အခြားအိမ်သုံးပစ္စည်းများ ကို Truck ယာဉ် ၈ စီး နှင့်တင်ဆောင်လာပြီး မိသားစုဝင် Volunteers ၀န်ထမ်း ၂၃ ဦးနှင့် အတူ ခရီးစတင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ရောက်ရှိခဲ့သော နေရာများကို မရောက်ရှိသေးသောသူများနှင့် သွားရောက်လိုသူများအတွက် သတင်းဓါတ်ပုံနှင့်တကွ တင်ပြပေးသွားမှာဖြစ်ပါတယ်။