Archives for csr

Donation for Covid19

Due to the global pandemic Coronavirus Disease 2019 (COVID-19), our ECLION GLOBAL GROUP has taken first action by donating 3,300 pieces of Personal Protective Equipment (PPE) and 35 pieces of eye protective goggle to the Department Of Public Health, Yangon Region on 31.1.2020.Upon recognizing the government’s action in starting to prevent and take control of COVID-19, we are reaching out as much as we can to the quarantine center in South Okkalapa Women and Children Hospital. At the moment, we are extending our support by joining together with CLOUD9 by ZWARE GROUP and NS BLUESCOPE LYSAGHT MYANMAR to provide a resting camp for all public health employees who are our front line health warriors.Special thanks to CLOUD9 by ZWARE GROUP and NS BLUESCOPE LYSAGHT MYANMAR for making this happen.

Read more

2019-Novel Coronavirus (ဝူဟန်virus) ကြိုတင်ကာကွယ်တားဆီးရေးအတွက် လှူတန်းခြင်း

2019-Novel Coronavirus (ဝူဟန်virus) ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဉီးစီးစောင့်ရှောက်စစ်ဆေးပေးနေသောပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေးဝန်ထမ်းများနှင့်သက်ဆိုင်ရာဆေးရုံ၊ ဌာနအသီးသီးရှိဝန်ထမ်းများအတွက်လိုအပ်သော Medical Personal Protective Equipment အစုံ(၃၃၀၀) နှင့် မျက်လုံးအကာအကွယ်Protective Goggles (၃၅)ခု ကို (၃၁.၁.၂၀၂၀) သောကြာနေ့၊ နေ့လည်၊ ၁၂း ၀၀နာရီတွင် အမှတ် (၅၂၀)၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းကျန်းမာရေးအစည်းအဝေးခန်းမ သို့ Eclion Global Groupမှဦးဆောင်၍ SP Gems Co.,Ltd , No.1 manufacturing planting and Trading Co.,Ltd, Shwe Kan Maw Aquaculture Co.,Ltd, EAC Foundation, Zware Group of Co.,Ltd , Wint & Partners Legal & Tax Advisors, Ko Chan Nyein+ Ma Aye Aye Tun, U Aung Myat, Ko Htin Lin Aung+ Ma Eitra Myo, Seven Colour Co.,Ltd နှင့် CIC (Cobes Industries Bago)တို့မှသွားရောက် ထောက်ပံလှူဒါန်ပေးအပ်ခဲ့ပါတယ်။

Read more

2019 Eclion Global Staff Party

2019 Eclion Global Staff Party သို့တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသောလူကြီးမင်းများ၊ ကြိုးစားတင်ဆက်ကပြဖျော်ဖြေ​ပေးခဲ့ကြသော Eclion Global ၏ ဝန်ထမ်းများ နှင့်တက်ရောက် ဆုချီးမြင့်​ပေးခဲ့ကြသော Eclion Globalမှသက်ဆိုင်ရာလူကြီးမင်း အပေါင်းတို့အား အထူးပင် ကျေးဇူးတင်ရှိကြောင်းနှင့် နောင်နှစ်ပေါင်းများစွာ တိုင်အောင် ပျော်​ပျော်ရွှင်ရွှင်၊ အောင်အောင်မြင်မြင်​ဖြင့်ဆက်လက်ပြီးကျော်ဖြတ်နိုင်ပါစေလို့ Eclion Global မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

Read more

Eclion Global Office မှ ၀န်ထမ်းများအား “Solving Work-based Problems” ခေါင်းစဉ်ဖြင့်သင်တန်းပို့ချခြင်း

Eclion Global Office မှ ၀န်ထမ်းများအား လုပ်ငန်းခွင်အတွင်း
စွမ်းရည်တိုးတက်စေရန်နှင့် ဖြစ်ပေါ်လာသည့် ပြသနာကြီးငယ်အား
နည်းလမ်းတကျချည်းကပ်ဖော်ထုတ်နိုင်ပြီး
စနစ်တကျဖြေရှင်းနိုင်စေရန်ရည်ရွယ်ကာ Office Training အဖြစ် ယနေ့ 2.2.2019 ရက်နေ့တွင်
“Solving Work-based Problems” ခေါင်းစဉ်ဖြင့် HR Department မှ
Senior Manager ဖြစ်သူ
ဒေါ်ဝေေ၀လင်းသွေးမှနေပြီးတာဝန်ယူကာသင်တန်းပေးခဲ့ပြီး သင်တန်းသားများနဲ့ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့ပါတယ် ။

Read more

သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်း ပွင့်ဖြူ မြို့ စံပြကျေးရွာနှင့် အနီးအနားရှိ ရွာများမှ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူ ဒါန်းမှု

ကျန်ရှိနေသော Eclion Global မိသားစုမှ ၀န်ထမ်းများနှင့် အတူ သြဂုတ် ၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ရေဘေးဒုက္ခသည် ၁၀၀၀ ခန့်ရှိသော စံပြကျေးရွာမှ ပြည်သူများအား ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အ၀တ်အထည်နှင့် အိမ်သုံးပစ္စည်းများအား သွားရောက်လှူဒါန်း ကူညီခဲ့ပါသည်။ ကျွန်တော်တို့ သွားရောက်ခဲ့သော စံပြကျေးရွာမှာလည်း ယခင်နေ့များတွင် ရေလွှမ်းနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားရောက်ရန် မလွယ်ကူပါ။ ထို့ကြောင့် ဒုတိယနေ့မှသာ သွားရောက်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် ချယ်ရီမေတ္တာ ပရဟိတအဖွဲ့မှတဆင့် ဆန်၊ ရေသန့် နှင့် အစားအသောက်များလည်း လှူဒါန်းခဲ့ပါသည်။ ဒုတိယနေ့လှူဒါန်းမှုအနေနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ။

Read more

သြဂုတ်လ ၄ ရက်နေ့ နေ့လည်ပိုင်း ပွင့်ဖြူ မြို့  ဇောင်ချမ်းကုန်းကျေးရွာနှင့် အနီးအနားရှိ ရွာများမှ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူ ဒါန်းမှု

ဆက်လက်ပြီး ဇောင်ချမ်းကုန်းကျေးရွာရှိ လူဦးရေ ၁၀၀၀ ခန့်ရှိသော ကယ်ဆယ်ရေးစခန်းမှ ပြည်သူများအား သွားရောက်လှူဒါန်း ကူညီခဲ့ပါသည်။ အင်းသားများ၏ အကူအညီဖြင့် ယနေ့ ရေလွှမ်းမိုးနေသော ရွာများသို့ ရောက်ရှိခဲ့ကြပါတယ်။ ထို့အတွက် အင်းသားညီအစ်ကို များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ထို့ပြင် ကယ်ဆယ်လှူဒါန်းမည့်သူများ မရောက်နိုင်သော၊ ရေလွှမ်းမိုးနေသော နေရာများဖြစ်သည့် ကျန်စုရွာ၊ ကန်လှကျေးရွာ နှင့် ဇီးကျွန်းကျေးရွာများသို့လည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ ၄င်းကျေးရွာများမှာ ရေပြင်ကျယ်ကြီးများ ၀န်းရံထားရှိသောကြောင့် ကယ်ဆယ်လှူဒါန်းသူများ ရောက်ရှိရန် ခက်ခဲသော နေရာများ ဖြစ်ပါတယ်။ လှေ၊ သက်ကယ်အင်္ကျီ၊ ရေသန့်၊ အ၀တ်အထည်၊ ဆေးဝါး၊ အစားအသောက်နှင့် ဆန်အိတ်များ လှူဒါန်းခဲ့ခြင်းအတွက် ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရသလို ဘေးအန္တရာယ်ဆိုးကို ရင်ဆိုင်နေရသော ပြည်သူများ အတွက် လည်း ၀မ်းနည်းမျက်ရည် ကျခဲ့ရပါတယ်။

မနက်ဖြန်မှာလည်း အလှူခရီး ဆက်သွားဦးမှာဖြစ်ပါတယ်။ အလွန်သနားစဖွယ်ကောင်းသော ရေဘေးသင့် ပြည်သူများကို တတ်အားသရွေ့ ကူညီကယ်ဆယ်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုပါတယ်ခင်ဗျား။ ကျွန်တော် များ Company အနေနှင့်လည်း အချိန်နှင့်အမျှ ကယ်ဆယ်ရေးလုပ်ငန်းများကို တဖက်တလမ်းမှ တတပ်တအား ပါဝင်ပြီး ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပထမနေ့လှူဒါန်းမှုအနေနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ။

Read more

သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း လယ်ကိုင်းကျေးရွာရှိ ရေဘေးသင့်ပြည် သူများ ထံသွားရောက် လှူ ဒါန်းမှု

Eclion Global မိသားစု မှ သြဂုတ်လ ၄ ရက်နေ့တွင် ရုံးဝန်ထမ်းများနှင့် အတူ ရေဘေးကျရောက်နေသော ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ကိုင်းရွာ နှင့် ရေဘေးသင့်နေသောရွာများကို သွားရောက်ပြီး အကူအညီများပေးခဲ့ပါသည်။

ဒုက္ခသည်များ၏ ပြောဆိုချက်အရ နာရီဝက်မှ တစ်နာရီအတွင်းကို ရေများမှာ အလျှင်အမြန်တက်လာပြီး ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သောကြောင့် ရေလွတ်ရာ ဓမ္မာရုံများသို့ ညတွင်းချင်း နွားများပါ ရနိုင်သရွေ့ ခေါ်ဆောင်ပြီး အပြေးလာခဲ့ရပါကြောင်း၊ အချို့သက်ကြီးရွယ်အိုများမှာ မပြေးနိုင်သောကြောင့် ကျန်ခဲ့ရပါ ကြောင်း၊ ယခုလည်း မကြာခဏ ရေအခြေအနေကိုကြည့်၍ ရွာထဲသို့ မပြန်နိုင်သေးသော်လည်း ရွာအနီးတွင် နေထိုင်၍ ရလိုရငြား သွားကြည့်နေရပါကြောင်း ပြောကြားခဲ့ပါသည်။

ရေဘေးဒုက္ခသည် လူဦးရေ ၁၅၀၀ ခန့်ရှိသော လယ်ကိုင်းကျေးရွာနှင့် အနီးဝန်းကျင်မှ ပြည်သူများအား ရေသန့်၊ ခေါက်ဆွဲခြောက် နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ကျွန်တော်တို့သွားခဲ့သော နေရာများအပြင် အခြားရေလွှမ်းမိုးနေသော ရွာအချို့ကျန်ရှိနေပါသေးတယ်။ လှူဒါန်း လိုသော အဖွဲ့များအားလည်း ထိုနေရာများကို စုံစမ်းမေးမြန်းပြီး သွားစေချင်ပါတယ်။

Read more

သြဂုတ်လ ၄ ရက်နေ့ နေ့လည်ပိုင်း ပွင့်ဖြူ မြို့ကျောင်းတော်ရာဘုရားရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်လှူ ဒါန်းမှု

ဆက်လက်၍ ရေဘေးကျရောက်နေသော ပွင့်ဖြူမြို့အတွင်းရှိ ရွာများမှ ရွာသူရွာသားများကို ကယ်တင်ပေးထား သော ကျောင်းတော်ရာ ဘုန်တော်ကြီးကျောင်းသို့ သွားရောက်ပြီး အကူအညီများပေးခဲ့ပါသည်။ ကျောင်းတော် ရာ ဘုရားဝင်းနှင့် ဘုန်းတော်ကြီးကျောင်းမှ တဆက်တည်းဖြစ်ပြီး အတော်ပင် ကျယ်ဝန်းသည်ဟု ပြောနိုင် ပါသည်။ ၄င်းစခန်းတွင် ဒုက္ခသည်ဦးရေ ၈၀၀၀ ကျော်ခန့်ရှိပြီး ဘုရားတန်ဆောင်း၊ ရင်ပြင်၊ ဇရပ် နှင့် ဘုန်းကြီး ကျောင်းဝင်းရှိ အဆောင်များပါမကျန် ဒုက္ခသည် အများအပြား ခိုလှုံနေသည်ကို သနားစဖွယ် တွေ့ရှိခဲ့ရပါသည်။ နေထိုင်စားသောက်မှုများမှာ များစွာ အခက်အခဲဖြစ်နေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ ရေဘေးဒုက္ခသည်များအတွက် ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ငါးသေတ္တာ၊ ဆေးဝါးအသုံးအဆောင် အစရှိသည့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

Read more

သြဂုတ်လ ၄ ရက်နေ့ နံနက်ပိုင်း ရေဘေး ဒေသများသို့မသွားခင် မကွေးမြို့ စုရပ်တွင် သွားမည့် လမ်းကြောင်း များ ပြင်ဆင်နေပုံ

မကွေးမြို့စုရပ်ဓမ္မာရုံသို့ရောက်သည်နှင့် Eclion Management မှ မကွေးမြို့ခံရပ်မိရပ်ဖများနှင့် စည်းဝေးပြီး ပါလာသောအလှူပစ္စည်းများနှင့် သင့်လျော်မည့် နေရာဒေသများရွေးချယ်ခြင်း၊ လမ်းကြောင်းဆွဲခြင်း၊ တာဝန်ခွဲဝေခြင်းနှင့် ပစ္စည်းများ ခွဲတမ်းချခြင်း အစရှိသည်များကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

လမ်းတလျှောက်တွင် ရေကြီးရေလျှံမှုကြောင့် မိမိနေအိမ်ကို စွန့်ပစ်သွား၍ ကျန်ခဲ့သော လူမနေသည့် အိမ်အလွတ်များလည်း စိတ်မကောင်းစွာဖြင့် တွေ့ရှိရပါသည်။

Read more