Eclion Global မိသားစု မှ သြဂုတ်လ ၄ ရက်နေ့တွင် ရုံးဝန်ထမ်းများနှင့် အတူ ရေဘေးကျရောက်နေသော ဒေသတစ်ခုဖြစ်သည့် မကွေးတိုင်းဒေသကြီးအတွင်းရှိ လယ်ကိုင်းရွာ နှင့် ရေဘေးသင့်နေသောရွာများကို သွားရောက်ပြီး အကူအညီများပေးခဲ့ပါသည်။

ဒုက္ခသည်များ၏ ပြောဆိုချက်အရ နာရီဝက်မှ တစ်နာရီအတွင်းကို ရေများမှာ အလျှင်အမြန်တက်လာပြီး ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သောကြောင့် ရေလွတ်ရာ ဓမ္မာရုံများသို့ ညတွင်းချင်း နွားများပါ ရနိုင်သရွေ့ ခေါ်ဆောင်ပြီး အပြေးလာခဲ့ရပါကြောင်း၊ အချို့သက်ကြီးရွယ်အိုများမှာ မပြေးနိုင်သောကြောင့် ကျန်ခဲ့ရပါ ကြောင်း၊ ယခုလည်း မကြာခဏ ရေအခြေအနေကိုကြည့်၍ ရွာထဲသို့ မပြန်နိုင်သေးသော်လည်း ရွာအနီးတွင် နေထိုင်၍ ရလိုရငြား သွားကြည့်နေရပါကြောင်း ပြောကြားခဲ့ပါသည်။

ရေဘေးဒုက္ခသည် လူဦးရေ ၁၅၀၀ ခန့်ရှိသော လယ်ကိုင်းကျေးရွာနှင့် အနီးဝန်းကျင်မှ ပြည်သူများအား ရေသန့်၊ ခေါက်ဆွဲခြောက် နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။

ကျွန်တော်တို့သွားခဲ့သော နေရာများအပြင် အခြားရေလွှမ်းမိုးနေသော ရွာအချို့ကျန်ရှိနေပါသေးတယ်။ လှူဒါန်း လိုသော အဖွဲ့များအားလည်း ထိုနေရာများကို စုံစမ်းမေးမြန်းပြီး သွားစေချင်ပါတယ်။