မကွေးမြို့စုရပ်ဓမ္မာရုံသို့ရောက်သည်နှင့် Eclion Management မှ မကွေးမြို့ခံရပ်မိရပ်ဖများနှင့် စည်းဝေးပြီး ပါလာသောအလှူပစ္စည်းများနှင့် သင့်လျော်မည့် နေရာဒေသများရွေးချယ်ခြင်း၊ လမ်းကြောင်းဆွဲခြင်း၊ တာဝန်ခွဲဝေခြင်းနှင့် ပစ္စည်းများ ခွဲတမ်းချခြင်း အစရှိသည်များကို စနစ်တကျ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

လမ်းတလျှောက်တွင် ရေကြီးရေလျှံမှုကြောင့် မိမိနေအိမ်ကို စွန့်ပစ်သွား၍ ကျန်ခဲ့သော လူမနေသည့် အိမ်အလွတ်များလည်း စိတ်မကောင်းစွာဖြင့် တွေ့ရှိရပါသည်။