ဆက်လက်ပြီး ဇောင်ချမ်းကုန်းကျေးရွာရှိ လူဦးရေ ၁၀၀၀ ခန့်ရှိသော ကယ်ဆယ်ရေးစခန်းမှ ပြည်သူများအား သွားရောက်လှူဒါန်း ကူညီခဲ့ပါသည်။ အင်းသားများ၏ အကူအညီဖြင့် ယနေ့ ရေလွှမ်းမိုးနေသော ရွာများသို့ ရောက်ရှိခဲ့ကြပါတယ်။ ထို့အတွက် အင်းသားညီအစ်ကို များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ထို့ပြင် ကယ်ဆယ်လှူဒါန်းမည့်သူများ မရောက်နိုင်သော၊ ရေလွှမ်းမိုးနေသော နေရာများဖြစ်သည့် ကျန်စုရွာ၊ ကန်လှကျေးရွာ နှင့် ဇီးကျွန်းကျေးရွာများသို့လည်း သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။ ၄င်းကျေးရွာများမှာ ရေပြင်ကျယ်ကြီးများ ၀န်းရံထားရှိသောကြောင့် ကယ်ဆယ်လှူဒါန်းသူများ ရောက်ရှိရန် ခက်ခဲသော နေရာများ ဖြစ်ပါတယ်။ လှေ၊ သက်ကယ်အင်္ကျီ၊ ရေသန့်၊ အ၀တ်အထည်၊ ဆေးဝါး၊ အစားအသောက်နှင့် ဆန်အိတ်များ လှူဒါန်းခဲ့ခြင်းအတွက် ပျော်ရွှင်ပီတိ ဖြစ်ခဲ့ရသလို ဘေးအန္တရာယ်ဆိုးကို ရင်ဆိုင်နေရသော ပြည်သူများ အတွက် လည်း ၀မ်းနည်းမျက်ရည် ကျခဲ့ရပါတယ်။

မနက်ဖြန်မှာလည်း အလှူခရီး ဆက်သွားဦးမှာဖြစ်ပါတယ်။ အလွန်သနားစဖွယ်ကောင်းသော ရေဘေးသင့် ပြည်သူများကို တတ်အားသရွေ့ ကူညီကယ်ဆယ်ကြပါလို့ တိုက်တွန်းနှိုးဆော် လိုပါတယ်ခင်ဗျား။ ကျွန်တော် များ Company အနေနှင့်လည်း အချိန်နှင့်အမျှ ကယ်ဆယ်ရေးလုပ်ငန်းများကို တဖက်တလမ်းမှ တတပ်တအား ပါဝင်ပြီး ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပထမနေ့လှူဒါန်းမှုအနေနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ။