ဆက်လက်၍ ရေဘေးကျရောက်နေသော ပွင့်ဖြူမြို့အတွင်းရှိ ရွာများမှ ရွာသူရွာသားများကို ကယ်တင်ပေးထား သော ကျောင်းတော်ရာ ဘုန်တော်ကြီးကျောင်းသို့ သွားရောက်ပြီး အကူအညီများပေးခဲ့ပါသည်။ ကျောင်းတော် ရာ ဘုရားဝင်းနှင့် ဘုန်းတော်ကြီးကျောင်းမှ တဆက်တည်းဖြစ်ပြီး အတော်ပင် ကျယ်ဝန်းသည်ဟု ပြောနိုင် ပါသည်။ ၄င်းစခန်းတွင် ဒုက္ခသည်ဦးရေ ၈၀၀၀ ကျော်ခန့်ရှိပြီး ဘုရားတန်ဆောင်း၊ ရင်ပြင်၊ ဇရပ် နှင့် ဘုန်းကြီး ကျောင်းဝင်းရှိ အဆောင်များပါမကျန် ဒုက္ခသည် အများအပြား ခိုလှုံနေသည်ကို သနားစဖွယ် တွေ့ရှိခဲ့ရပါသည်။ နေထိုင်စားသောက်မှုများမှာ များစွာ အခက်အခဲဖြစ်နေသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ ရေဘေးဒုက္ခသည်များအတွက် ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန်၊ ငါးသေတ္တာ၊ ဆေးဝါးအသုံးအဆောင် အစရှိသည့် ပစ္စည်းများ လှူဒါန်းခဲ့ပါသည်။