ကျန်ရှိနေသော Eclion Global မိသားစုမှ ၀န်ထမ်းများနှင့် အတူ သြဂုတ် ၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ရှိ ရေဘေးဒုက္ခသည် ၁၀၀၀ ခန့်ရှိသော စံပြကျေးရွာမှ ပြည်သူများအား ရေသန့်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အ၀တ်အထည်နှင့် အိမ်သုံးပစ္စည်းများအား သွားရောက်လှူဒါန်း ကူညီခဲ့ပါသည်။ ကျွန်တော်တို့ သွားရောက်ခဲ့သော စံပြကျေးရွာမှာလည်း ယခင်နေ့များတွင် ရေလွှမ်းနေမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားရောက်ရန် မလွယ်ကူပါ။ ထို့ကြောင့် ဒုတိယနေ့မှသာ သွားရောက်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် ချယ်ရီမေတ္တာ ပရဟိတအဖွဲ့မှတဆင့် ဆန်၊ ရေသန့် နှင့် အစားအသောက်များလည်း လှူဒါန်းခဲ့ပါသည်။ ဒုတိယနေ့လှူဒါန်းမှုအနေနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်ခင်ဗျာ။